သု ခ မြို့ ရွာ သို့ ဝင် ရောက် နည်း

မ င်္ဂ လာ  ပါ

သု ခ မြို့ ရွာ သို့ ဝင် ရောက် ရန်  အ တွက် လွယ် ကူ စေ ရန် အ ဆင့် များ ကို တစ် ဆင့် ချင်း ဖော် ပြ ပေး ထား ပါ တယ်။

လေ့ လာ ကြည့် ရှု နိုင် ပါ ပြီ။

၁။ သင့် ၏ အင် တာ နက် သုံး သော စာ မျက် နှာ ကို ဖွင့် လှစ် ပါ။ သင့် ဖုန်း သို့ မ ဟုတ် ကွန် ပြူ တာ တွင်၊ ထည့် သွင်း ထား သော၊ ဂူ ဂဲ ခ ရုန်း Google Chrome ၊ အင် တာ နက် အိပ် စ် ပ လို ရာ Internet Explorer ၊ ဖိုင်း ရား ဖောက် ခ်စ် Fire Fox ၊ ဆာ ဖာ ရီ Safari များ ထဲ မှ တစ် ခု ခု ကို အ သုံး ပြု ၍ အင် တာ နက် သုံး ရန် စာ မျက် နှာ ကို ဖွင့် လိုက် ပါ။

 

၂။ အင် တာ နက် သုံး သော စာ မျက် နှာ ပွင့် လာ လျှင် ၄င်း ၏ လိပ် စာ ဖြည့် စွက် သော နေ ရာ တွင်

https://www.havenofjoy.com ကို  ရိုက် ထည့် ပါ။

၃။ သု ခ မြို့ ရွာ ၏ ပင် မ စာ မျက် နှာ သို့ ရောက် မည်။

၎။ ပင် မ စာ မျက် နှာ ရှိ တံ ခါး ၃ ပေါက် လေး ထောင့် ပုံ ငယ် ကို တို့ ထိ လိုက် ပါ။ အ မည် ဝှက် User Name နှင့် စ ကား ဝှက် Password ဖြည့် သည့် နေ ရာ သို့ ရောက် မည်။

 

၅။ အ မည် ဝှက် User Name နေ ရာ တွင်၊ သင် အ ခြေ ခံ အ ဖွဲ့ ဝင် အ ဖြစ်၊ မှတ် ပုံ စ တင် ခဲ့ စဉ် က၊ ဖန် တီး ခဲ့ သော အ မည် ဝှက် ကို ရိုက် ထည့် ပါ။ ဥ ပ မာ။    ။ demo_user

 

၆။ စ ကား ဝှက် Password နေ ရာ တွင်၊ သင် အ ခြေ ခံ အ ဖွဲ့ ဝင် အ ဖြစ်၊ မှတ် ပုံ စ တင် ခဲ့ စဉ် က၊ ဖန် တီး ခဲ့ သော စ ကား ဝှက် ကို ရိုက် ထည့် ပါ။ ဥ ပ မာ။    ။ demo2020

၇။ ပြီး လျှင် ဝင် ရောက် ရန် Log In ဟု ဖော် ပြ ထား သော ခ လုတ် ကို နှိပ် လိုက် ပါ။

၈။ အ ဖွဲ့ ဝင် ရေး ရာ ဌာ န Member Center စာ မျက် နှာ သို့ အ လို လို ရောက် သွား လိမ့် မည်။

၉ ။ သင့် ၏ အ မည် ဝှက်၊ သင့် ၏ အ မည် မှန်၊ သင့် ၏ ဓါတ် ပုံ များ ကို စာ မျက် နှာ ၏ ခေါင်း စဉ် တွင် မြင် ရ လိမ့် မည်။

၁၀။ သင့် ၏ အ ချက် အ လက် များ ကို ဖော် ပြ သော နေ ရာ ကို ပါ တွေ့ မြင် ရ လိမ့် မည်။

သု ခ မြို့ ရွာ သို့ သင် အောင် မြင် စွာ ဝင် ရောက် နိုင် ခဲ့ ပြီ ဖြစ် သည်။

သု ခ မြို့ ရွာ ထဲ မှ  အက် ပ လီ ကေး ရှင်း များ ကို သုံး ၍၊ သင့် ၏ လုပ် ငန်း ဆောင် တာ များ စ တင် ရန်၊ Implementation Menu သို့ ဝင် ရောက် လိုက် ပါ။

ကျေး ဇူး တင် လေး စား လျက်

သု ခ မြို့ ရွာ

 

 

အ ဖွဲ့ ဝင် အ ဖြစ် မှတ် ပုံ တင် နည်း

မ င်္ဂ လာ ပါ။

သု ခ မြို့ ရွာ ၏ အ ခြေ ခံ အ ဖွဲ့ ဝင် အ ဖြစ် မှတ် ပုံ တင် နည်း အ ဆင့် ဆင့် ဖြစ် ပါ တယ်။

၁။ သု ခ မြို့ရွာ ၏ ပင် မ စာ မျက် နှာ သို့ သွား ရန်  ဤ လိပ် စာ https://www.havenofjoy.com ကို တို့ထိ ပါ။ ပင် မ စာ မျက် နှာ သို့ရောက် ပါ မည်။

၂။ ပင် မ စာ မျက် နှာ ပေါ် ရှိ သော့ တံ ပုံ လေး ထောင့် ကွက် ကို တို့ ထိ ပါ။

၃။ အ ခြေ ခံ အ ဖွဲ့ ဝင် အ ဖြစ် မှတ် ပုံ တင် ရန် ခေါင်း စဉ် ပါ သော လေး ထောင့် ကွက် ပေါ် လာ မည်။

၎။ Username အ သုံး ပြု မည့် အ မည် ဝှက် နေ ရာ တွင် မိ မိ ၏ အ မည် ဝှက် ကို ရေး ထည့် ပါ။  အ မည် ဝှက် ကို စဉ်း စား ဖန် တီး ရာ တွင်၊ အား လုံး စာ လုံး အ သေး များ ဖြစ် ရ မည်။ abcd မှ z အ ထိ အ င်္ဂ လိပ် ဗျည်း အ က္ခ ရာ များ နှင့် 1,2,3,4 နံ ပါတ် များ ကို သာ သုံး ၍ ဖန် တီး ရ မည်။

ဥ ပ မာ။     ။ demouser2020

Demo User 2002 ဟု space များ ခြား ၍ ဖန် တီး ၍ မ ရ ပါ။

space အ စား၊ Shift နှင့်  –   ကို တွဲ နှိပ် လျှင် _  ပေါ် သည်။ ထို အ ရာ ကို သုံး ၍ ရ သည်။

ဥ ပ မာ။   ။ demo_user ဟု ဖန် တီး လျှင် ရ မည်။

 

၅။ Email သင့် ၏ အီး မေးလ် နေ ရာ တွင် သင့် ၏ လက် ရှိ အ သုံး ပြု နေ သော၊ အီး မေးလ် လိပ် စာ ကို ဖြည့် စွက် ပါ။

ဥ ပ မာ။   ။ demouser@gmail.com

 

၆။ Password စကား ဝှက် ဖန် တီး ရန် နေ ရာ တွင်၊ သင် မှတ် မိ လွယ် ပြီး၊ အ ခြား သူ မ သိ နိုင် မ ခန့် မှန်း နိုင် သော စ ကား ဝှက် ကို ဖြည့် စွက် ပါ။ ဥ ပ မာ။    ။ MySecretPassword!2020

၇။ Enter Password Again နေ ရာ တွင် သင် အ ထက် တွင် ဖြည့် စွက် ထား သော စ ကား ဝှက် ကို ထပ် မံ ဖြည့် စွက် ပါ။ အ ထက် တွင် ဖြည့် စွက် ထား သော စ ကား ဝှက် နှင့် ယ ခု ဖြည့် စွက် သော စ ကား ဝှက် နှစ် ခု ချွတ် စွတ် တူ ညီ ရ မည်။ မ တူ ညီ လျှင် အက် ပ လီ ကေး ရှင်း မှ မှတ် ပုံ ပေး တင် မည် မ ဟုတ် ဘဲ၊ သ တိ ပေး ချက် ပေါ် လာ မည်။ ထို အ ခါ တူ ညီ အောင် ပြန် လည် စီ စစ် ဖြည့် စွက် ရန် လို မည်။

၈။ Name အ မည် မှန် နေ ရာ တွင် သင့် ၏  အ မည်  စာ လုံး များ ကို ဖြည့် စွက် ပါ။

ဥ ပ မာ။    ။ စမ်း သုံး သူ = San Thone Thu

အ မည် သုံး လုံး ရှိ လျှင် ပ ထ မ နှစ် လုံး ကို ဖြည့် ပါ။ San Thone

၉ ။ Last Name အ မည် နောက် ဆုံး စာ လုံး နေ ရာ တွင် သင့် ၏ အ မည် နောက် ဆုံး အ လုံး ကို ဖြည့် ပါ။

ဥ ပ မာ။   ။ Thu

၁၀။ ထို့ နောက် Terms and Conditions, Privacy Policy အ သုံး အ နှုန်း များ နှင့် အ ခြေ အ နေ များ၊ကြေ ညာ ချက် များ နေ ရာ ရှိ ၊ I agree! သ ဘောတူ သည် ဟု ဖော် ပြ ထား သော စာ သား ၏ ဗယ် ဘက် ရှိ လေး ထောင့် ကွက် ကို တို့ထိ လိုက် ပါ။ အ မှတ် ခြစ် လိုက် သော အ မှတ် အ သား ပေါ် လာ မည်။

၁၁။ သု ခ မြို့ ရွာ တွင် အ ဖွဲ့ ဝင် အ ဖြစ် မှတ် ပုံ တင် ရန်…. ဟု အ စ ပြု ရေး သား ထား သော အ ကြောင်း အ ရာ များ ကို သေ ချာ စွာ အ ချိန် ပေး ဖတ် ပါ။ သိ ရှိ နား လည်၊ သ ဘော တူ ရန် လို အပ် သည်။

၁၂။ I am not a robot  ဟု ရေး ထား သော နေ ရာ ရှိ လေး ထောင့် ကွက် ကို တို့ ထိ ပါ။ ပုံ လေး များ ရွေး ရန် အ ကွက် များ ပေါ်လာ မည်။ ထို အ ကွက် ထဲ မှ ဥ ပ မာ။   ။ bridge  ဟု ဖော် ပြ လျှင် တံ တား ပါ သော ပုံ အ ကွက် များ  အား လုံး ကို ရွေး ပါ။

traffic light ဟု ဖော် ပြ လျှင် မီး ပွိုင့် ပါ သော ပုံ အ ကွက် များ အား လုံး ကို ရွေး ပါ။

fire hydrant  ဟု ဖော် ပြ လျှင် မီး သတ် ရေ ပိုက် ပါ သော ပုံ အ ကွက် များ အား လုံး ကို ရွေး ပါ။

store front ဟု ဖော် ပြ လျှင် စ တိုး ဆိုင် မျက် နှာ စာ ပါ သော ပုံ အ ကွက် များ အား လုံး ကို ရွေး ပါ။

bus ဟု ဖော် ပြ လျှင် ဘတ်စ် ကား ပါ သော ပုံ အကွက် များ အား လုံး ကို ရွေး ပါ

ရွေး ပြီး လျှင် Verify ကို နှိပ် ပါ။

ရွေး တာ ကျန် လျှင်၊ မှား လျှင် သင့် အား အက် ပ လီ ကေး ရှင်း မှ သင့် အား ထပ် ရွေး ခိုင်း လိမ့် မည်။

ရွေး တာ မှန် လျှင်၊ I am not a robot စာ သား ၏ လေး ထောင့် ကွက် တွင် အ မှန် ခြစ် ပြီး သား ပေါ် သွား လိမ့် မည်။

 

ထို အ ခါ၊ Submit  စာ သား ပါ သော ခ လုတ် ကို နှိပ် ပါ။

သင် အ ဖွဲ့ဝင် အ ဖြစ် မှတ် ပုံ တင် သည့် ကြိုး ပမ်း မှု အောင် မြင် ပါ က၊ သင့် အီး မေးလ် ထံ သို့ အ ကြောင်း ကြား စာ ရောက် လာ လိမ့် မည်။

ထို အ ကြောင်း ကြား စာ ထဲ မှ ညွှန် ကြား ချက် အတိုင်း ဆက် လက် လုပ် ဆောင် ပါ။

သင့် မှတ် ပုံ တင် ခြင်း အား၊ သု ခ မြို့ရွာ မှ စီစစ် ပြီး ပါ က၊ အ တည် ပြု ပေး လိမ့် မည်။

ထို အ ခါ သု ခ မြို့ ရွာ ထဲ သို့ ဝင် ရောက် နိုင် လိမ့် မည်။

သု ခ မြို့ ရွာ ထဲ သို့ ဝင် ရောက် ပုံ ဝင် ရောက် နည်း ကို လေ့ လာ လို လျှင် ဤ နေ ရာ ကို တို့ထိ ပါ။

 

ကျေး ဇူး တင် လေး စား လျက်

သု ခ မြို့ ရွာ

 

 

ကုန် ပ စ္စည်း ဖန် တီး ပုံ ဖန် တီး နည်း

၁။ သု ခ မြို့ ရွာ သို့ဝင် ရောက် ပါ။

 


၂။ အ ဖွဲ့ ဝင် ရေး ရာ ဌာ န သို့ ရောက် မည်။

 


၃။ အ ဖွဲ့ ဝင် ရေး ရာ ဌာ န ရှိ “implementation” ခေါင်း စဉ် ကို ရွေး ခြယ် ပါ။

 


၎။ ရွေး ခြယ် စ ရာ များ ပေါ် လာ လျှင်၊ “ဆိုင် ဖွင့် ရန် ” ကို ရွေး ခြယ် ပါ။

 

 


၅။ ရွေး ခြယ် စ ရာ များ ထပ် ပေါ် လာ မည်။ ထို အ ထဲ မှ၊ ဖန် တီး ရန် ကို ရွေး ခြယ် ပါ။

 


၆။ ကုန် ပစ္စည်း ဖန် တီး သည့် စာ မျက် နှာ သို့ ရောက် ရှိ မည်။

ထို စာ မျက် နှာ ပေါ် ရှိ “Product Title” ” ကုန် ပ စ္စည်း ခေါင်း စဉ်” နေ ရာ တွင်၊ မိ မိ ဖန် တီး လို သော၊ ကုန် ပ စ္စည်း ၏ အ မည် ခေါင်း စဉ် ကို မြန်မာ၊  အင်္ဂ လိပ် နှစ် ဘာ သာ ဖြင့် ရေး သား ဖော် ပြ ပါ။

 


၇။ Price($)* နေ ရာ တွင် မိ မိ ကုန် ပ စ္စည်း ၏ ပေါက် ဈေး ကို ရေး သား ဖော် ပြ ပါ။ တစ် နည်း အား ဖြင့် ခေါ် ဈေး ဖြစ် သည်။  

 


၈။ Sale Price($)* နေ ရာ တွင် မိ မိ ကုန် ပ စ္စည်း ၏ ရောင်း ဈေး ကို ရေး သား ဖော် ပြ ပါ။ တစ် နည်း အား ဖြင့် မိ မိ ရ လို သော၊ အ မှန် တ ကယ် ရောင်း မည့် ဈေး ဖြစ် သည်။ 

 


၉ ။ ဈေး နှုန်း ထည့် ရာ တွင်၊  သ တိ ပြု ရန် အ ချက် များ ။      ။

(က) ဈေး နှုန်း များ ကို နိုင် ငံ တ ကာ စံ ချိန် စံ ညွှန်း မှီ စေ ရန်၊ US Dollar ဖြင့် ဖော် ပြ ရ မည် ကို သ တိ ပြု ပါ။

(ခ) ထို့ ကြောင့် Price(  )  နေ ရာ တွင် MMK ပေါ် မ နေ စေ ရန် သ တိ ပြု ပါ။ MMK ပေါ် နေ လျှင် စာ မျက် နှာ အ ပေါ် ရှိ၊ ငွေ ကြေး အ မျိုး အ မည် ပြောင်း သည့် နေ ရာ တွင် USD ကို ရွေး ခြယ် ပြောင်း လဲ ပါ။

ထို့ နောက်၊ အ ထက် တွင် ရှိ သော Currency Converter ငွေ ကြေး ပြောင်း လဲ တွက် ချက် သည့် နေ ရာ ကို အ သုံး ပြု ၍၊ မိ မိ ရ လို သော မြန် မာ ငွေ ပ မာ ဏ ကို၊ လက် ရှိ ဒေါ် လာ ပေါက် ဈေး ဖြင့် တွက် ချက် ပြောင်း လဲ ပါ။

MMK နေ ရာ တွင် မိ မိ ကုန် စည် ပ စ္စည်း ၏ ပေါက် ဈေး သို့ မ ဟုတ် ရောင်း ဈေး ကို ရိုက် ထည့် ပါ။

ယ နေ့ ပေါက် ဈေး အ တိုင်း အ လို အ လျောက်၊ USD တန် ဖိုး တွက် ချက် ပြီး သား ပေါ် လာ လိမ့် မည်။

ပြား စွန်း ဒ သ မ စွန်း များ ပေါ် နေ လျှင်၊ အ ဆင် ပြေ အောင် အ နီး စပ် ဆုံး တန် ဖိုး ဖြစ် အောင် ပြင် ဆင် လိုက် ပါ။

ဥ ပ မာ။    ။ 2.48  USD ဖြစ် နေ လျှင်၊ 2.5 သို့ မ ဟုတ် 3 USD အဖြစ် ပြင် လိုက် ပါ။ ( လို တိုး ပို လျော့ ဒေါ် လာ ဈေး အ တက် အ ကျ ကို ကာ မိ ရန် နှင့် တွက် ချက် မှတ် သား ရ လွယ် ကူ စေ ရန် အ တွက် ပါ ဖြစ် သည်။ )

ပေါ် လာ သော USD တန် ဖိုး ကို Copy ကူး ၍၊ သက် ဆိုင် ရာ ဈေး နှုန်း နေ ရာ များ(Price($)*  နှင့် Sale Price($)*) တွင် ထည့် ပါ။


၁၀။ Short Description နေ ရာ တွင် မိ မိ ကုန် ပ စ္စည်း ၏ အ မည် နှင့် အ ရေး ကြီး သော ဝိ သေ သ များ ကို စာ ကြောင်း တစ် ကြောင်း နှစ် ကြောင်း ခန့် သာ ရေး သား ဖော် ပြ ပါ။

 


၁၁။ Description နေ ရာ တွင် မိ မိ  ကုန် ပ စ္စည်း ၏ အ ကြောင်း အ ချက် များ ကို၊ န မူ နာ အ ချက် အ လက် များ ကို Copy ကူး ၍  သော် လည်း ကောင်း၊ မိ မိ စိတ် ကူး ဖြင့် သော် လည်း ကောင်း၊ ပြည့် စုံ စွာ ဖန် တီး ရေး သား ဖော် ပြ ပါ။

 


၁၂။ ထို့ နောက်၊ ဓါတ် ပုံ တင် သည့် နေ ရာ တွင် မိ မိ ကုန် ပ စ္စည်း ၏ ဓါတ် ပုံ ကို ရိုက် ၍ တင် ပါ။

 


၁၃။ အောက် ဖက် ရှိ ပုံ ထပ် တင် သော နေ ရာ တွင် နောက် ထပ် ပုံ ၄ ပုံ အ ထိ တင် နိုင် သည်။

 


၁၄။ ထို့ နောက်၊ Categories နေ ရာ တွင်၊ မိ မိ ကုန် ပ စ္စည်း အ မျိုး အ စား နှင့် ကိုက် ညီ သော Category အ မျိုး အ စား ကို လေး ထောင့် ကွက် တွင် အ မှတ် ခြစ် ၍ ရွေး ခြယ် ပေး ပါ။ 

 


၁၅။ ထို့ နောက် Tags နေ ရာ တွင်၊  မိ မိ ကုန် ပ စ္စည်း ကို တက်(ခ်) လုပ် ပါ။ တက်(ခ်) လုပ် ရာ တွင်၊ မိ မိ ၏ ဆိုင် အ မည်၊ ပ စ္စည်း ၏ အ များ သိ နိုင် သော၊ ယျေ ဘု ယျ အ မည်၊ အ မျိုး အ စား များ ကို မြန် မာ အ င်္ဂ လိပ် နှစ် ဘာ သာ ဖြင့် ရေး သား  တက်(ခ်) လုပ် ပါ။ 

တက်(ခ်) လုပ် နည်း ဥ ပ မာ။    ။   မြန် မာ အွန် လိုင်း ဆေး ဆိုင်, အ ကိုက် အ ခဲ ပျောက် ဆေး, ဘိုင် အို ဂျက် ဆစ်, Myanmar Online Pharmacy, Pain Killer, Biogesic  ဟူ၍” , ” ကော် မာ လေး များ ခံ ၍ ဖော် ပြ ရန် လို သည်။

 


၁၆။ ထို့ နောက် အောက် ဖက် တွင် Inventory ဟု ဖော် ပြ ထား သော နေ ရာ ကို ရွေး ခြယ် ပါ။

SKU ဟု ဖော် ပြ ထား သော နေ ရာ တွင် မိ မိ ကုန် ပ စ္စည်း ၏ နံ ပါတ် ကို ဖြည့် စွက် ပါ ။

ဆိုင် အ မည် အ တို ကောက်၊ ပ စ္စည်း နံပါတ်၊ ခု နှစ် များ ကို ” – ” ခံ ၍ ကုန် ပ စ္စည်း နံ ပါတ် ကို တည် ဆောက် ဖြည့် စွက် ပါ။

ဥ ပ မာ ။    ။ MOP-0001-2020

 


၁၇။ Manage Stock လေး ထောင့် အ ကွက် ကို အ မှတ် ခြစ် လျှင်၊ မိ မိ တွင် ရှိ သော ကုန် ပ စ္စည်း In Stock အ ရေ အ တွက် ကို ဖြည့် စွက် ၍ ရ မည်။

 


၁၈။ Sold Individually လေး ထောင့် အ ကွက် ကို အ မှတ် ခြစ် လျှင်၊ ဝယ် ယူ သူ သည် ၊ မိ မိ ကုန် ပ စ္စည်း ကို တစ် ခါ ဝယ် လျှင် တစ် ခု သာ ဝယ် ယူ ခွင့် ရ ရှိ မည်။

 


၁၉ ။ ထို့ နောက်၊ Shipping ဟု ဖော် ပြ ထား သော နေ ရာ ကို ရွေး ခြယ် ပါ။

( က ) Weight(lbs) နေ ရာ တွင် မိ မိ ကုန် ပ စ္စည်း ၏ အ လေး ချိန် ( ပေါင် ) ကို ဖြည့် ပါ

( ခ ) Dimensions နေ ရာ တွင် မိ မိ ကုန် ပ စ္စည်း ၏ အ လျား၊ အ နံ၊ အ မြင့် ( လက်မ ) ကို ဖြည့် ပါ

( ဂ )Shipping Class  နေ ရာ တွင် မိ မိ ကုန် ပ စ္စည်း ကို ဝယ် ယူ သူ ထံ ပေး ပို့ နိုင် မည့် နည်း လမ်း ကို ရွေး ခြယ် ပါ။

ဥ ပ မာ။    ။ Free Shipping အ ခ မဲ့ ပေး ပို့ မည်

( ဃ ) Processing Time  နေ ရာ တွင် ဘယ် နှစ် ရက် အ တွင်း အ ပြီး ပေး ပို့ ပေး မည် ဖြစ် ကြောင်း ရွေး ခြယ် ပါ။ 

တစ် ရက် အ တွင်း အ ပြီး ပေး ပို့ နိုင် ပါ က၊ 1 business day ရုံး ဖွင့် ရက် တစ် ရက် အ တွင်း ကို ရွေး ခြယ် ပါ။

နှစ် ရက် ကြာ မှ ပေး ပို့ ရန် အ ဆင် သင့် ဖြစ် မည် ဆို ပါ က  2 business days ကို ရွေး ခြယ် ပါ။

 


၂၀။ Tax နေ ရာ ကို ရွေး ခြယ် ပါ။

ဝယ် ယူ သူ ကို Tax လုပ် ရန် လို အပ် ပါ က၊ Taxable ကို သာ ရွေး ခြယ် ပါ။

Tax လုပ် ရန် မ လို အပ် ပါ က၊ None ကို ရွေး ခြယ် ပါ။

Tax Class တွင် Standard ကို သာ ထား ပါ။ သု ခ မြို့ ရွာ မှ အ စိုး ရ ၏ တ ရား ဝင် သတ် မှတ် ထား သော အ ခွန် နှုန်း ကို စံ အ ဖြစ် ထည့် သွင်း ထား ပြီး ဖြစ် သည် ။

 


ထို့ နောက် တွင် Submit ကို နှိပ် ၍ မိ မိ ကုန် ပ စ္စည်း ဖန် တီး မှု ကို အောင် မြင် စွာ Save လုပ် သိမ်း ဆည်း ပါ။

အ ဆင် သင့် မ ဖြစ် သေး လျှင်၊ Draft ကို ရွေး ခြယ် သိမ်း ဆည်း ပါ။

 


 

 

 


 

ဖိတ် ခေါ် ခြင်း Invitation


မင်္ဂလာပါ။

သု ခ မြို့ ရွာ ရှိ အ ဖွဲ့ ဝင် များ အ တွက်၊  အ ထူး အ ခွင့် အ ရေး၊ များ ကို တင် ပြ လို ပါ တယ်။

သု ခ မြို့ ရွာ ထဲ တွင် အ ဖွဲ့ ဝင် များ အ တွက် အ သုံး ဝင် မယ့်၊ အ ခ မဲ့ အက် ပ လီ ကေး ရှင်း များ အ မြောက် အ မြား စီ စဉ် ထည့် သွင်း ထား ပါ တယ်။

သု ခ မြို့ရွာ အ ဖွဲ့ ဝင် လုပ် ငန်း ရှင် များ အ နေ ဖြင့်…

သု ခ မြို့ရွာ ၏ မြန် မာ့ ဈေး လေ ဟာ ပြင် တွင်၊ အ ဖွဲ့ ဝင် များ ၏ ကုန် စည် နှင့် ဝန် ဆောင် မှု များ ကို Show Case အဖြစ် အ ခ မဲ့ ဖန် တီး ရန်၊ Show Case/ Catalogue အက် ပ လီ ကေး ရှင်း ကို အ သုံး ပြု ၍ ကြော် ညာ နိုင် ကြောင်း ကို မိတ် ဆက် ဖိတ် ခေါ် လို ပါ တယ်။

သု ခ မြို့ ရွာ ရှိ Show Case/ Catalogue အက် ပ လီ ကေး ရှင်း ကို အ သုံး ပြု ပြီး၊  Product Post များ ဖန် တီး ရုံ ဖြင့်၊   ရ ရှိ လာ နိုင် မည့် အ ကျိုး အ မြတ် များ မှာ အောက် ပါ အ တိုင်း ဖြစ် ပါ သည်။

၁။ မိ မိ ၏ ကုန် စည် နှင့် ဝန် ဆောင် မှု များ ကို၊ မည် သူ မ ဆို၊ အ ချိန် မ ရွေး၊ အ လွယ် တ ကူ ဝင် ရောက် ကြည့် ရှု လေ့ လာ နိုင် သော Show Case Show Room တစ် ခု ကို အ လွယ် တ ကူ ဖန် တီး ပိုင် ဆိုင် မည် ဖြစ် သည်။

၂။ မိ မိ ၏ ကုန် စည် နှင့် ဝန် ဆောင် မှု များ ကို Catalogue / Menu အ သွင် ဖြင့် တစ် ချက် ခုတ် နှစ် ချက် ပြတ် ဖန် တီး ထား ရာ ရောက် ပြီး၊ အ ချိန် မ ရွေး Facebook, Instagram, Twitter စ သော Social Media Post များ တွင် က လစ် တစ် ချက် ခေါက် ရုံ ၊ ကော် ပီ ပေ့စ် လုပ် ရုံ ဖြင့် အ လျှင် အ မြန် ကြော် ညာ နိုင် ပါ မည်။ ( မှတ် ချက်။   ။ သူ များ report ထု သ ဖြင့် မိ မိ ကြော် ညာ ပျက် ဆီး ခြင်း၊ အ ပိတ် ခံ ရ ခြင်း၊ အ စ အ ဆုံး ပြန် ဖန် တီး ရ ခြင်း၊ ပြန် တင် ရ ခြင်း၊ အ ချိန် ကုန် လူ ပင် ပန်း ခြင်း များ ကို ရှောင် ရှား နိုင် ပါ မည်။ )

၃။ ဘဏ် အ ကောင့် ဖြင့် ချိတ် ဆက် လိုက် ပါ က၊ Online Shop တစ် ခု အ သွင် သို့ အ လို အ လျောက် ပြောင်း လဲ အ သုံး ပြု နိုင် မည်။

၎။ စား သောက် ဆိုင် ဖြစ် ပါ က၊

(က) E-menu (လျှပ်စစ် မီနျူး – အစား အသောက် မှာ စား ရန် စာ ရင်း )  အ သွင် အဖြစ် အ သုံး ပြု နိုင် မည် ဖြစ် သော ကြောင့်၊ စား ပွဲ ထိုး လုပ် အား များ များ စား စား အ သုံး ပြု ရန် မ လို တော့ သည့် အ ကျိုး ကျေး ဇူး ကို ရ ရှိ မည်။ Mobile device, Tablet တစ် ခု နှင့် ချိတ် ဆက် လိုက် ပါ က၊ ဆိုင် သို့ လာ ရောက် သော ၊ စား သုံး သူ မှ E-menu (လျှပ်စစ် မီနျူး – အစား အသောက် မှာ စား ရန် စာ ရင်း ) ကို အ သုံး ပြု ၍၊  စား ပွဲ ထိုး အား ခေါ် ယူ ရ ခြင်း၊ စား ပွဲ ထိုး အ လာ ကို စောင့် ရ ခြင်း စ သော အ ဆင့် များ ကို ကျော် လွှား ၍၊  လွယ် ကူ လျှင် မြန် စွာ ၊ ကိုယ် တိုင်၊ တိုက် ရိုက် မှာ ယူ နိုင် မည်။

(ခ) မိ မိ ၏ စား သောက် ဆိုင် မှ စား ဖွယ် ရာ များ ၏ စာ ရင်း ကို၊  Mobile ဖုန်း နှင့် App အသွင် ချိတ် ဆက် ထား နိုင် သည့် အ တွက်၊ စား သုံး သူ မှ ၊ဆိုင် သို့ မ ရောက် မှီ မှာ ပင်၊ မိ မိ စား လို သော အစား အ သောက် များ ကို ကြို တင် မှာ ယူ ထား နိုင် သည်။ ထို မျှ သာ မ က၊ သင့် စား သောက် ဆိုင် တွင် အိမ် တိုင် ရာ ရောက်၊ အ စား အ သောက် ပို့ ဆောင် ပေး သော ဝန် ဆောင် မှု ရှိ ပါ က၊ ဆိုင် သို့ လာ စ ရာ မ လို ဘဲ၊ အိမ် မှ အ လွယ် တ ကူ၊ မှာ ယူ စား သောက် နိုင် မည်။

(ဂ) စား သုံး သူ နှင့် ရောင်း ချ သူ တွင်၊ Online/Mobile Bank Account များ ရှိ ပါ က၊ လျှင် မြန် လွယ် ကူ စွာ၊ တိုက် ရိုက် ငွေ ပေး ခြေ ခြင်း များ ကို၊ လည်း ပြု လုပ်နိုင်မည်။

၅။ လူ သုံး ကုန် စ တိုး ဆိုင် ဖြစ် ပါ က၊

(က) E-menu/ E-catalogue  အ သွင် အ ဖြစ် အ သုံး ပြု နိုင် သော ကြောင့်၊ လာ ရောက် ဝယ် ယူ သူ များ ကို၊ Tablet, Mobile Device တစ် ခု စီ ပေး ၍၊ မိ မိ လို အပ် သော ပစ္စည်း ကို ရှာ စေ ခြင်း၊ အ သေး စိတ် အ ချက် အ လက် များ ကို ဖတ် စေ ခြင်း များ ပြု လုပ် နိုင် သည့် အတွက်၊ အ ချိန် ပေး ရှင်း လင်း ပြ စ ရာ မ လို ဘဲ၊ လို အပ် သော အချက် အ လက် များ ကို သာ ဖြည့် စွက် ရှင်း ပြ ရန် သာ လို သဖြင့် ၊ အချိန် ကုန် သက်သာ၊ ဝန် ထမ်း အ ငှား သက် သာ စေ ပြီး၊ အ ရောင်း ပို မို မြှင့် တက် စေ နိုင် သည်။

(ခ) ကြို ဆို ရှင်း လင်း ပြ သော၊ အ ရောင်း စာ ရေး များ မ လုံ လောက် သော ကြောင့်၊ Customer အား အာ ရုံ မ စိုက်၊ မိတ် မ ဆက် နိုင် သဖြင့်၊ Customer များ စိတ် ဆိုး ၊ စိတ် မ ရှည် ဘဲ ပြန် ထွက် သွား ခြင်း များ ကို လျှော့ ချ နိုင် မည်။

(ဂ) Online e-catalogue ဖန် တီး ထား သော ကြောင့်၊ ဝယ် ယူ လို သူ များ ဆိုင် သို့ လာ စ ရာ မ လို ဘဲ၊ ကုန် စည် နှင့် ဝန် ဆောင် မှု များ ကို၊ အချိန် မ ရွေး ၊ ကြို တင် ကြည့် ရှု လေ့ လာ ခြင်း၊ ဈေး စုံ စမ်း ခြင်း၊ ဈေး စစ် ခြင်း၊ စရန် ကြို ချ ခြင်း များ ကို Online/Mobile Money Transfer ဖြင့် ပြု လုပ် နိုင် သည်။

( ဃ) ဆိုင် မှ ပြန် သွား သည့် တိုင် အောင်၊ Internet ရှိ လျှင် ဆိုင် နှင့် အ မြဲ တမ်း အ ဆက် အ သွယ် ရှိ နေ ပြီး၊ Trouble-Shoot လုပ် ခြင်း၊ Support ယူ ခြင်း၊ ထပ် လောင်း သိချင် သည့် အ ချက် အလက် များ ကို မေး မြန်း နိုင် ခြင်း ကို ပြု လုပ် နိုင် သည်။

(င) ဝယ် ယူ သွား သူ များ အား၊ သူ တို့စိတ် ဝင် စား နှစ် သက် သော ကုန် စည် နှင့် ဝန် ဆောင် မှု၊ ပ စ္စည်း အ သစ် များ ရောက် ရှိ ပါ က၊ ဆက် သွယ် ၍ ကြော် ညာ သည့် အ နေ ဖြင့် အ သိ ပေး နိုင် ခြင်း များ ပြု လုပ် နိုင် သည်။

(၆) သု ခ မြို့ ရွာ  App မှ၊  အော် ဒါ မှာ ယူ လို သူ များ မှ အော် ဒါ တင် လိုက် သည် နှင့် ကျ သင့် ငွေ တန် ဖိုး ပ မာ ဏ များ ကို အ လို အ လျောက် တွက် ချက် ပေး ခြင်း ။ အော် ဒါ တင် ထား သည့် အော် ဒါ များ ကို အ ပျောက် အ ရှ မ ရှိ၊ စ နစ် တ ကျ၊ ပြင် ဆင် နိုင် ရန် စာ ရင်း မှတ် ပေး နိုင် ခြင်း၊ နေ့ စဉ်၊ လ စဉ် ရောင်း ရ ငွေ များ ကို၊ စာ ရင်း ကိုင် စာ ရင်း စစ် မ လို အပ် ဘဲ၊ စ နစ် တ ကျ တိ ကျ စွာ စာ ရင်း ချုပ် ပေး နိုင် ခြင်း စ သော၊ အ လို အ လျောက် ဝန် ဆောင် မှု များ ကို ပိုင် ဆိုင် နိုင် မည် ။

(၇) အ ကူ ဝန် ထမ်း အ နည်း ငယ် ဖြင့် ထိ ရောက် စွာ လုပ် ငန်း များ ကို ချဲ့ ထွင် နိုင် ခြင်း၊ အ ရောင်း မြှင့် တင် နိုင် ခြင်း  ၊ အ ချိန် တို အ တွင်း အ မြတ် အစွန်း ပို မို လာ ခြင်း၊ စ သော ကောင်း ကျိုး များ ကို ရ ရှိ နိုင် မည်။

ထို့ ကြောင့်….

ကိုယ်ပိုင် ကုန် စည် ထုတ် လုပ် သော လုပ် ငန်း ရှင် များ၊ ကိုယ် ပိုင် ဝန် ဆောင် မှု ပေး သော လုပ် ငန်း ရှင် များ  ဆက် သွယ် စုံ စမ်း နိုင် ပါ ပြီ။  ပင် မ စာ မျက် နှာ ရှိ ဆက် သွယ် ရန် နေ ရာ မှ ဆက် သွယ် နိုင် ပါ ပြီ။  

အ ဖွဲ့ ဝင် အ သစ် အ ဖြစ် စာ ရင်း အ သစ် စ တင် ဖွင့် လှစ် လို ပါ က၊ စာ ရင်း အ သစ် ဖွင့် လှစ် လို ကြောင်း ခေါင်း စဉ် တပ် ရေး သား ပြီး၊ မိ မိ ၏ အ မည်၊ အီး မေးလ်၊ လုပ် ငန်း အ မည်၊ လိပ် စာ အ ပြည့် အစုံ ကို ထည့် သွင်း ရေး သား ပေး ပို့ လိုက် ရုံ ပါ ဘဲ။

လှမ်း လာ ခဲ့ ပါ သု ခ မြို့ရွာ လို့ ဖိတ် ခေါ် လိုက် ပါ တယ်။ ….

 

သုခမြို့ရွာ